မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၆

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မိုးလံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ၊လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ် လူငယ်အားကစား သမား များ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။

 ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီိးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုပြိုင်ပွဲတွင် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေဖို့၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေဖို့၊ ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေဖို့နဲ့ မျိုးဆက်သစ် လူငယ် ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ် လာစေဖို့ ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်သလို လက်ဝှေ့အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားလာရာက လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းဒေသကြီိးကိုယ်စားပြု သွေးသစ် လက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်း၊တစ်ဦးချင်းယှဉ်ပြိုင်ရခြင်းနှင့် ကိုယ်အလေးချိန်တန်း တူညီသူချင်းသာ ယှဉ်ပြိုင်ရတဲ့ အားကစားနည်းဖြစ်တာကြောင့် မိမိ၏ ကြိုးစားအားထုတ်မှု ဖြတ်ထိုးညဏ်နှင့် လျှင်မြန်သွက်လက်မှုတို့ကို ပေါင်းစပ်ပြီး ယှဉ်ပြိုင်မှသာ အောင်မြင်မှုရရှိမှာဖြစ်သလို လူမျိုးဂုဏ်ကို မြှင့်တင်ပြီး ဇာတိသွေး၊ ဇာတိမာန်ကို ပြသနိုင်တဲ့ အားကစားနည်းလည်းဖြစ်ကြောင်း၊ ဒါကြောင့်  ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် လည်း အောင်မြင်မှုရရှိရန်အတွက် တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ် ဆိုသည့် အားကစား စိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြပါ၊ ပြိုင်ပွဲမှာ အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများ အနေဖြင့် သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ တရားမျှတ မှန်ကန် စွာ ဆုံးဖြတ်ပေးကြပါ၊ အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေကျေ နပ်နပ် လက်ခံလိုက်နာ သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုခဲ့ကြပြီး၊ မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ(၃)ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း