မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်ပထမဆုရရှိသည့် အဖွဲ့အား ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်ပထမဆုရရှိသည့် အဖွဲ့အား ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

မကွေး ဖေဖော်ဝါရီ ၁၆

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ် ပထမဆုရရှိသည့် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ ပြန်လည်ထွက်ခွာလာရာ မကွေးမြို့သို့ နံနက် ၁၁ နာရီအချိန်တွင် ရောက်ရှိရာ မကွေးမြို့အဝင်၌် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်ပထမဆုရရှိသည့် အဖွဲ့သည် ယနေ့နံနက်ပိုင်း က မကွေးမြို့သို့ ပြန်လည်ရောက်ရှိလာရာ တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် ဒေသခံ ပြည်သူ များက မကွေးမြို့အဝင်တွင် ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပြီး မကွေးမြို့လမ်းမကြီးများတစ်လျှောက်လှည့်လည်ရာ ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းဒေသကြီိး/ပြည်နယ် အသီသီးမှ အလှပြယာဉ်များဖြင့် ဖျော်ဖြေပြသခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြု အလှပြ ယာဉ်(၃)စီးနှင့် သရုပ်ပြဖျော်ဖြေရေးအဖွဲ့များဖြင့် သရုပ်ဖော်ပြသဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်သည် ပထမဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရ သတင်း