မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပထမဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဂုဏ်ပြုယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်းခင်းဧည့်ခံ

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပထမဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဂုဏ်ပြုယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်းခင်းဧည့်ခံ

မကွေး ဖေဖော်ဝါရီ ၁၇

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပထမဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်နှင့်ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် ည(၇)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုနေ့အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်များနှင့်လူနေမှုစရိုက်များ၊ ဒေသအလိုက် ထုတ်ကုန်ပစ္စည်းများကို သရုပ်ဖော်ပြသနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီအလိုက် ဂုဏ်ပြုအလှပြယာဉ် များဖြင့် စီစဉ်ပြသခဲ့ရာ မိမိတို့မကွေးတိုင်းဒေသကြီးအနေဖြင့် ဂုဏ်ပြုအလှပြယာဉ်(၃)စီး သရုပ်ဖော်ပြသခဲ့ပြီး ပထမဆုရရှိခဲ့ရာ တိုင်းဒေသကြီး၏ စည်းလုံးညီညွတ်မှု စုပေါင်းစွမ်းအားကို ပြသနိုင်ခဲ့သည့် ပုံရိပ်တစ်ခုဖြစ်သည့်အပြင် တိုင်းဒေသကြီး၏ ကြိုးစားအားထုတ်မှု၊ စည်းလုံး ညီညွတ်မှု၊ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်မှု ပေါင်းစည်းမှု အင်အားကို သက်သေထူနိုင်ခဲ့သည့်အချိန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး (၇)ခုအနက် ဒုတိယအကြီးဆုံးတိုင်းဒေသကြီးဖြစ်သည့်အပြင် တန်ခိုးကြီးမားသည့် စေတီပုထိုးများ၊ သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝတွင်းထွက်ရေနံမြေများတည်ရှိသလို လူသားမျိုးနွယ်အစဖြစ်သည့် ပုံတောင်ပုံညာဒေသ ဟူ၍ တည်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်းချမ်းသာယာခြင်း အသီးအပွင့်များဖြင့် ဝေဆာလှပနိုင်စေရန် စည်းလုံးညီညွတ်မှုအင်အားဖြင့် ကြီုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ဂုဏ်ပြုဆုရအဖွဲ့များမှ “မကွေးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏” တေးသီချင်း ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများက ပြိုင်ပွဲဝင်တေးသီချင်းများဖြင့် လည်းကောင်း၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာမများက “မလေးလက်ခတ်သံ” တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုနေ့အခမ်းအနားတွင် ပတမဆုရရှိခဲ့သည့် ဂုဏ်ပြုဆုရအဖွဲ့များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနမှူးချုပ် ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးဒေါ်ဝင်းဝင်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီး များက ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုဆုရအဖွဲ့များက “မန်းတောင်ရိပ်ခို” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း