မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးမြို့ မြို့တော်ခန်းမ၌ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မကွေးမြို့ မြို့တော်ခန်းမ၌ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၈

          မကွေးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေး ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဌာနအသီးသီိးမှ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက် အမှာစကား ပြောကြားသည်။

          အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်း အင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် စာရင်းအင်း နည်းဥပဒေများကို ရေးဆွဲ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေနှင့် နည်းဥပဒေများ သက်ဝင်လာစေရေး အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား စာရင်း အင်းဥပဒေ၊ နည်းပညာများနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး၊ စာရင်းအင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူးလိုအပ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီး ယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက်များ ရရှိမှသာ နိုင်ငံအတွက် လိုအပ်သော လူမှုရေး၊ စီးပွားရေးမူဝါဒများ၊ စီမံကိန်းများချမှတ် ဆောင်ရွက် ရာမှာ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မှာဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီး ယုံကြည် ကိုးစားနိုင်သော စာရင်းအင်း အချက်အလက်များသည် မူဝါဒချမှတ်သူများအတွက်သာမက သုတေ သနပြုလုပ်သူများ၊ ရင်းနှီးမြှပ်နှံသူများ၊ ကျောင်းသားများအတွက်ပါ အထူးလိုအပ်ပါကြောင်း၊ ထိုနည်း တူစွာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစိုးရတစ်ရပ်ဖြစ်ရန် တိကျမှန်ကန်သော စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် လိုအပ်ပါကြောင်းနှင့် စာရင်း အင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက (၂၀၁၈) ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းတင်ပြ ခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ဗဟိုစာရင်းအင်းအဖွဲ့ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း