မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၉

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၃ နာရီက တိုင်းဒေသကြီး မိုးလံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ် လူငယ် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကာ တံခွန် စိုက်ဆုရရှိသော သရက်မြို့နယ်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန် အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာ စေဖို့၊ ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရန်နှင့် မျိုးဆက်သစ် လူငယ် ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ဖေဖော် ဝါရီလ ၁၆ ရက်နေ့ မှစတင်၍ ၁၈ ရက်နေ့ထိ(၃)ရက်တာ ကျင်းပဆောင်ရွက်ကာ ယမန်နေ့ ညနေပိုင်းက လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

လက်ဝှေ့ပြိုင်ပွဲ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များတွင် ပထမဆုများအဖြစ်(၄၅)ကီလိုတန်းတွင် တောင်တွင်းကြီးမြို့နယ်မှ နှင်းနုနုဝေ၊(၄၈)ကီလိုတန်းတွင် သရက်မြို့နယ်မှ မိုးဆန်းထွေး၊ (၅၁)ကီလို တန်းတွင် ပွင့်ဖြူမြို့နယ်မှ ပန်းအိခိုင်၊ (၅၁)ကီလိုတန်းတွင် ဆင်ပေါင်ဝဲမြို့နယ်မှ အိဇင်သော်တို့က အသီးသီး ရရှိခဲ့ကြပြီး၊ အမျိုးသားလက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များတွင် ပထမဆုကို(၄၆)ကီလိုတန်းတွင် မကွေး မြို့နယ်မှ အောင်ဆု၊ (၄၉)ကီလိုတန်းတွင် ရေနံချောင်းမြို့နယ်မှ ဇေယျာမင်းသော်တာ၊ (၅၂)ကီလိုတန်း တွင် မြိုင်မြို့နယ်မှ နိုင်ထက်ဦး၊ (၅၆)ကီလိုတန်းတွင် သရက်မြို့နယ်မှ အေးချမ်းမင်း၊ (၆၀)ကီလိုတန်း တွင် မကွေးမြို့နယ်မှ မျိုးချစ်မောင်၊(၆၄)ကီလိုတန်းတွင် ထီးလင်းမြို့နယ်မှ ရဲရင့်ထွန်း၊(၆၉) ကီလိုတန်း တွင် တောင်တွင်းကြီး မြို့နယ်မှ သီဟဇော်၊ (၇၅)ကီလိုတန်းတွင် လှိုင်ဝင်းအောင်တို့ အသီးသီးရရှိကာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ဆုကလပ်နှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲ အကြီးတန်း(၈၁)ကီလိုတန်းတွင် ပထမဆုရရှိသော သရက်မြို့နယ်မှ ရဲကိုကို၊ ဒုတိယဆု ရရှိသော မကွေးမြို့နယ်မှ သန်းတိုးအောင်နှင့် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလား ရရှိသော သရက်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုကလပ်၊ ငွေသားဆုများနှင့် တံခွန်စိုက် ဆုဖလားအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း