ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ဇီးဖြူကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတိုင်းရင်း သားရေးရာဝန်ကြီးဦးထွန်းခင်၊တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဦးစီးမှူးဒေါ်ခိုင်ရွှေဝါ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်ဦးနှင့်ဌာနဆိုင်ရာများ၊အရှိုချင်းလူမျိုးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိဆလိုင်းကျော်ကျော်နိုင်၊မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်ဦးတို့မှအမှာစကားအသီး သီးပြောကြားခဲ့ပြီး အရှိုချင်းစာပေနှင့်ရိုးရာယဉ် ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွင်းရေးမှူးဆလိုင်းအောင်ဇော်ဦးမှ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး ဆလိုင်းသန်းဦးမှ အရှိုချင်းလူမျိုးများဆင်းသက်လာပုံအကြောင်းကိုလည်းကောင်း၊ အရှိုချင်းစာပေနှင့်ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ဥက္ကဌဆလိုင်းကျော်ကျော်နိုင်မှအရှိုချင်းစာပေဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီးဆလိုင်းအုန်ငွေ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အထူးဧည့်သည်တော်များနှင့်ဌာနတိုင်ရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ ဝါးညှပ်အကဖြင့်ကပြဖျော်ဖြေသွားသောအဖွဲ့အား ဆုများချီး မြှင့်ခဲ့ကြောင်း သိရှိရသည်။