မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)ကျင်းပ

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)ကျင်းပ

မကွေး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်) ကူးစက်မှုများ တိုးပွားလာ သည်ကို တွေ့ရှိရကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့ နိုင်ငံမှာပါ ကိုဗစ်-၁၉ ရောဂါ(အိုမီခရွန်) ကူးစက်မှုများ ရှိလာပြီး၊ တိုင်းဒေသကြီးအတွင်းမှာလည်း ကူးစက်မှုများရှိလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် RDT Test Kit စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် (၅၃.၄၂)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိနေတဲ့ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဝင်ရောက်လာ သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ စစ်ဆေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင် စက်ရုံများအား အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့က ခရိုင်/မြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများအား လည်း ကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား လည်းကောင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း