၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နံနက်(၀၈း၂၀)အချိန် ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ စက်မှုဇုန်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး စက်မှုဇုန်တွင် လုပ်ငန်းများအကောင်အထည်ဖော်နိုင်မှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ဆက်လက်ပြီး(၁၀း၃၀) အချိန်တွင် မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၅၇/၄) ရှိ မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၏ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်ကိုမှ Greening Complex Zone ၌ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို တက်ရောက်လာသော မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ မှတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများအား ချပြရှင်းလင်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။