မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

 မကွေး ဖေဖော်ဝါရီ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံ ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ပန်းခင်းစီမံချက်ဖြင့် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်ရှိ အလိုတော်ပြည့်ဓမ္မာရုံတွင် ဒေသခံပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး နေမှု အခြေအနေအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကြည့်ရှု စစ်ဆေးကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ၍ အားပေးစကားပြောကြားသည်။

ဦးစွာ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်၏ အသုံးဝင် ပုံနှင့် ပျက်စီးပျောက်ဆုံးပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားစေလိုကြောင်း၊ နိုင်ငံသားတစ်ဉီး လျှင် နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်သာ ကိုင်ဆောင်ခွင့် ရှိကြောင်းနှင့် တရားမဝင်ကိုင်ဆောင်ပါက ဥပဒေအရ ပြစ်မှုပြစ်ဒဏ်များ ကျခံရနိုင်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် လိုအပ်သည့် အထောက်အထားများ ပြည့်ပြည့်စုံစုံ ယူဆောင်လာပါက လုပ်ငန်းများမြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းနှင့် .ခုလိုလာရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ကြတဲ့ ဒေသခံများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ လုပ်ငန်းဆောင် ရွက်ပေးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်သည်။

ပန်းခင်းစီမံချက်ဖြင့် ရေနံချောင်းမြို့ သစ်တပွေ ရပ်ကွက်ရှိ ဒေသခံပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင် အောင်ကျော်နှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာ နိုင်-၃(က)ဖြင့် ၄၅ ဦး၊ နိုင်-၆(က)ဖြင့် ၃၃ ဦး၊ မိတ္တူ ၁ ဉီး စုစုပေါင်း (၇၉)ဦးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ရေနံချောင်း တက္ကသိုလ် အစည်းအဝေးခန်းမသို့ရောက်ရှိကာ ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးဆိုင်ရာ တက္ကသိုလ်လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း