မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်နှင့် မကွေးပညာရေး ဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်နှင့် မကွေးပညာရေး ဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး ဖေဖော်ဝါရီလ ၂၈

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မကွေး တက္ကသိုလ်နှင့် မကွေးပညာရေးဒီဂရီကောလိပ်ရှိ တည်ဆောက်ရေး လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးပညာရေးဒီဂရီကောလိပ် ဝန်းအတွင်း ဆောက်လုပ်သည့်(၁၀၀×၃၀)ပေ၊(၄)ခန်းတွဲ(၄)ထပ် သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာ(၂) လုံး တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ မကွေးပညာရေးဒီဂရီကောလိပ် တာဝန်ခံ ကျောင်းအုပ်ဆရာမကြိီးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းတင်ပြခဲ့ ကြပြီး၊ ကြည့်ရှုစစ်ဆေး တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး မကွေးတက္ကသိုလ်ဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ပါမောက္ခအိမ်ရာ(၆)ခန်းတွဲ(၄) ထပ် သံကူကွန်ကရစ်အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မကွေးတက္ကသိုလ်(၄၀၀)ဆံ့ ကျောင်းသူအိပ်ဆောင်(၄)ထပ် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ မကွေးတက္က သိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းဆောင်၌ တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအားရှင်းလင်း တင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံနှုန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီိးဝန်ကြီးချုပ်သည် မကွေးတက္ကသိုလ်ဝန်းအတွင်း ဆောက်လုပ် လျက်ရှိသည့် ပါမောက္ခအိမ်ရာ(၆)ခန်းတွဲ(၄)ထပ် သံကူကွန်ကရစ်အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းနှင့် မကွေးတက္ကသိုလ်(၄၀၀)ဆံ့ ကျောင်းသူအိပ်ဆောင်(၄)ထပ် တည်ဆောက်ခြင်း လုပ်ငန်း တို့အား လှည့်လည်ကြည့်ရှုရာ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူတို့က လိုက်လံ ရှင်းလင်းတင်ပြကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း