မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုနေ့ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုနေ့ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်ဖွင့်လှစ်

မကွေး ဧပြီ ၁၃

မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က မကွေးမြို့ ကမ်းနားလမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်း‌‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် က နှစ်သစ်ဆု‌တောင်းစကား ပြောကြားရာတွင် မြန်မာတို့၏ (၁၂)လရာသီပွဲတော်မှာ ပထမဦးဆုံး နှစ်ကူးလ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ကာလမှာ သင်္ကြန်ရေးအေးနဲ့ နှစ်ဟောင်းမှ မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှုအပေါင်း ဆောင်ယူ နိုင်ကြပါစေကြောင်း၊ နှစ်(၁)နှစ်၏ ကောင်းမှု၊မကောင်းမှုများသည် သူများပြောမှမဟုတ်ဘဲ မိမိ ကိုယ်တိုင်လည်း သိရှိခံစားပြီးဖြစ်ကြသဖြင့် နှစ်ဟောင်းမှကောင်းမှုများကို ပိုမိုကျင့်ကြံပြီး ကောင်းသထက် ကောင်းအောင် ‌‌ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း၊ နှစ်ဟောင်းမှ ရှောင်ကြဉ် အပ်သော မကောင်းမှုများကိုလည်း ဖယ်ရှားနိုင်ကြပါစေလိုသည့်အပြင်  ပူပြင်းသည့် ရာသီအချိန် အခါတွင် ရေအေးနှင့်ပက်ဖျန်း ကစားရသည့်မှာလည်း အလွန်ပျော်စရာကောင်းပြီး ရာသီဉတုဖြင့် ကိုက်ညီသည့်အပြင် တစ်ခြားသူများကိုလည်း မထိခိုက်ဘဲ မိမိပျော်ရွှင်ရေးကို ဆောင်ရွက်သင့် ပါကြောင်းနှင့် အထူးသဖြင့်လူငယ်များအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန် အနှစ်သာရအား မပျောက်ပျက် စေဘဲ ခေတ်နှင့်လျော်ညီစွာ အမှားအယွင်းမရှိ ပျော်ရွှင်စွာ ‌ရေကစားနိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးမြို့ ဗဟိုမဏ္ဍပ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ်နှင့် မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များမှ “ရွှေမန်းမာလာ” သီချင်းနှင့် “ညိုမြ” တေးသီချင်းတို့ဖြင့် စုပေါင်ကပြဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာ မကွေးမဟာသင်္ကြန်ပွဲတော် ကျင်းပ‌‌ရေးကော်မတီနာယက မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအကအလှအဖွဲ့(၂၂)ဖွဲ့က ယှဉ်ပြိုင်ကပြ ဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် များသို့  လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေး ယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ် ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း