မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့သင်္ကြန်အတတ်နေ့တွင် ကမ်းနားလမ်း ‌ဗဟိုမဏ္ဍပ်နှင့် ‌ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များတွင် ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များ ယှဉ်ပြိုင်နေမှုနှင့် ရေကစားလာပြည်သူများ ပျော်ရွှင်စွာရေကစနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့သင်္ကြန်အတတ်နေ့တွင်  ကမ်းနားလမ်း ‌ဗဟိုမဏ္ဍပ်နှင့် ‌ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များတွင် ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များ ယှဉ်ပြိုင်နေမှုနှင့် ရေကစားလာပြည်သူများ ပျော်ရွှင်စွာရေကစနေမှုအား ကြည့်ရှုအားပေး

မကွေး   ဧပြီ  ၁၆

 မကွေးတိုင်းဒေသကြီးတွင် ၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်များအား တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် ကျင်းပလျက်ရှိရာ သင်္ကြန်အတတ်နေ့ ယနေ့ နံနက်ပိုင်း က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မ‌ကွေးလေတပ် စခန်းဌာနချုပ်မှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မကွေးမြို့ ကမ်းနားလမ်းရှိ သင်္ကြန်ရေကစား မဏ္ဍပ်များသို့ သွားရောက်၍ ‌ဗဟိုမဏ္ဍပ်နှင့် ‌ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များတွင် ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များ ယှဉ်ပြိုင်နေမှုနှင့် ရေကစားလာပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးသည်။

 ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာန ချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့အသီးသီးမှ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခြင်း၊ ရေကစားလာသည့် ပြည်သူ များအား မြန်မာ့ရိုးရာမုန့်များဖြင့် စတုဒီသာ မုန့်များဖြင့် ကျွေးမွေးဧည့်ခံမှုအား ကြည့်ရှုအားပေးသည်။ 

ထို့နောက် လူမှုရေးရာ ဝန်ကြီးဌာနမိသားစု ရေကစားမဏ္ဍပ်သို့ ရောက်ရှိပြီး တိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအကအဖွဲ့ဝင်များနှင့် မကွေး ပညာရေးကောလိပ်ကိုယ်စားပြု  ယိမ်းအဖွဲ့ဝင်များက ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များက ဆုများ အသီးသီးချီမြှင့်ပေးအပ်ခဲ့သည်။
 
မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာန မဏ္ဍပ် (၆)ခု၊ စုစုပေါင်း မဏ္ဍပ် (၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး သင်္ကြန်မဏ္ဍပ်များသို့ ရေကစား လာကြသည့် ပြည်သူများအားနေ့စဉ် မြန်မာ့ရိုးရာမုန့်များဖြင့် စတုဒီသာများ ကျွေးမွေးဧည့်ခံလျက်ရှိပြီး၊ ၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင် ယိမ်းအကဖွဲ့များအား ဒီကနေ့ ညနေပိုင်းတွင် ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကာ၊မကွေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရနေရာများဖြစ် သည့် မကွေးမြသလွန် စေတီတော်မြတ်ကြီး၊ မန်းရွှေစက်တော်ဘုရား၊ ဆင်စခန်းနှင့် ကျောင်းတော်ရာ ဘုရားတို့တွင် အပန်းဖြေအနားယူ ရေကစားလာ ပြည်သူများ၊ စတုဒီတာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း