မကွေး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၄ ခုနှစ် မြန်မာနှစ် ဆန်း(၁)ရက်နေ့ နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဧရာဝတီမြစ် အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ပြုခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေး ခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူခဲ့ကြသည်။