မကွေး ဧပြီ ၁၇
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း(၁)ရက် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား ဦးထိပ်ထားကာ သက်ကြီးဘိုး/ဘွား များအား လက်အုပ်ချီမိုး ကန်တော့ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊အလှူရှင်များက အဘိုးအဘွားများထံ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဖန်ခါးမြေဘိုး/ဘွားရိပ်သာမှ အဘိုး(၆)ဦး၊ အဘွား(၁၈)ဦးနှင့် မြို့ပေါ် ရပ်ကွက်များအတွင်းမှ အဘိုးအဘွား(၄၅)ဦး၊ စုစုပေါင်း အဘိုးအဘွား(၆၉)ဦး တို့အား ငွေကျပ် (၂၀၇၀၀၀၀/ိ-) နှစ်ဆယ်သိန်း ခုနှစ်သောင်းတန်ဘိုးရှိ ကန်တော့ ပစ္စည်းများ လှူဒါန်းခဲ့ရာ အဘိုး/ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင် ဆုပေးစကား ပြန်လည်ပြောကြားပြီး၊ စေတနာ သဒ္ဓါတရားပွားများနိုင်ရန် အဘိုး/ အဘွားများအား ကန်တော့သည့် ပစ္စည်းနှင့် ငွေတန်ဘိုးများကို ဖတ်ကြားကာ အခမ်းအနားသို့ ကြွရောက်လာကြသော အဘိုးအဘွားများနှင့်တကွ ပရိတ်သတ် အပေါင်းတို့က "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။