မကွေး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)သို့တက်ရောက်မည့် သင်တန်း သား၊ သင်တန်းသူများက သြဝါဒခံယူခြင်း အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သြဝါဒစကားမြွက်ကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မကွေး တိုင်းဒေသကြီးမှ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးတက္ကသိုလ်(စစ်ကိုင်း)ကို ကျား(၅)ဦး၊မ(၁၂)ဦး ပေါင်း(၁၇)ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်ရန် ကျား(၆)ဦး၊မ(၂)ဦး ပေါင်း(၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ တက်ရောက်ရန် ကျား(၄)ဦး၊မ(၃)ဦး ပေါင်း(၇)ဦး၊ စုစုပေါင်း (၃၂)ဦး တက်ရောက်ခွင့် ရရှိခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ခွင့်ရရှိတဲ့ မောင်တို့ မယ်တို့အနေဖြင့် သင်တန်းဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ရရှိနိုင်ရန် တက္ကသိုလ်ဝင်စာမေးပွဲမှာကတည်းက သတ်မှတ်ရမှတ် ရရှိအောင် ကြိုးစားခဲ့ကြသလို သင်တန်းတက်ခွင့်ရအောင်လည်း ပြင်ပဗဟုသုတများကို စုဆောင်း ကြိုးစားလေ့လာခဲ့ကြသူတွေဖြစ်ပြီး၊ သင်တန်းတက်ရောက်ကြတဲ့အခါ သင်တန်းကချမှတ်တဲ့ စည်း ကမ်းများကိုလိုက်နာကျင့်ကြံကာ ဘက်စုံထူးချွန်သူများဖြစ်အောင် ကြိုးစားကြဖို့နဲ့သင်တန်းတက်ကြ သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး ခင်မင်စွာပေါင်းသင်းဆက်ဆံ နေထိုင်ဖို့၊ အခက်အခဲများရှိပါက အတူ တကွဖြေရှင်းကာ ညီအကိုမောင်နှမသဖွယ် သွေးစည်းညီညွတ်စွာ နေထိုင်ကြဖို့လည်း အထူးမှာကြား လိုကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(B.Ed)သင်တန်းကို တက် ရောက်ကြမဲ့ မောင်မယ်တို့အနေနဲ့ သင်တန်းက ပို့ချပေးလိုက်တဲ့ သင်ယူမှုရလဒ်ကောင်းများကို နာယူမှတ်သားပြီး ဆရာ၊ဆရာမကျင့်ဝတ်များနှင့်အညီ ရောက်ရာဒေသမှာ စေတနာ၊ ဝါသနာ၊ အနစ်နာ ထား၍ ကလေးငယ်ကျောင်းသား ကျောင်းသူများကို သင်ကြားပေးဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သင်တန်းပြီးမြောက် အောင်မြင်လို့ မိမိတာဝန်ကျရာဒေသမှာ တာဝန်ထမ်းဆောင်ကြရင်လည်း ကျောင်းသား ကျောင်းသူများ၏ အတုယူစရာ စံ အဖြစ် ကိုယ်ကျင့်တရား ကောင်းမွန်ရန်နှင့် အကျင့် စာရိတ္တ ကောင်းမွန်ရန် လိုအပ်တဲ့အပြင် ၂၁ ရာစုပညာရေး၏ စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်း နိုင်သော အဆင့်အတန်းမြင့်မားသည့် သင်ယူမှုသင်ကြားမှုဖြစ်အောင် အစဉ်အမြဲကြိုးစား အားထုတ် ရန် လိုအပ်ကြောင်းလည်း မှာကြားလိုကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် သင်တန်းစည်းကမ်းများကို လေးစားလိုက်နာ၊စာပေများကို ကြိုးစားသင်ယူရင်း မကွေးတိုင်းဒေသကြီး၏ ဂုဏ်သိက္ခာမြင့်မား အောင် ကြိုးစားလေ့လာပြိး ဘက်စုံထူးချွန်သော သင်တန်းသားသင်တန်းသူများ ဖြစ်အောင် ကြိုးစားဖို့ အထူးလိုအပ်ပါကြောင်းဖြင့် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားသင်တန်းသူများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၉၆၀၀၀ဝိ/-) ကိုးသိန်းခြောက်သောင်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ သင်တန်းသား သင်တန်းသူများကိုယ်စား မဆုမြတ်ကျော်က ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။