မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)တွင် ရုပ်ရှင်ပြသနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)တွင် ရုပ်ရှင်ပြသနေမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ   ၂၃

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရုပ်ရှင်ရုံများအား မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ရုပ်ရှင်များ ပြန်လည်ပြသလျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧပြီလ ၂၃ ရက် ယနေ့ နေ့လယ် (၁၂)နာရီက မင်္ဂလာစံပြ ရုပ်ရှင်ရုံ(မကွေး)တွင် ရုပ်ရှင်ပြသနေမှုအား ကြည့်ရှုအားပေးသည်။

မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)သို့ ရောက်ရှိစဉ် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မင်္ဂလာစံပြရုပ်ရှင်ရုံ (မကွေး) တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရုပ်ရှင်ပြသနေမှု၊ ရုပ်ရှင်လာရောက် ကြည့်ရှု ကြသည့်  ပြည်သူများအား ရုံအဝင်တွင် ကိုယ်အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များ စီစဉ်ထားခြင်း၊ ပြည်သူများ ရုပ်ရှင် ကြည့်ရာတွင် စိတ်အေးချမ်းစွာ ကြည့်ရှုနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး) တွင် ရုံတင်ပြသလျက်ရှိသည့်  “ဝေးမနေချင်ဘူး”  မြန်မာရုပ်ရှင်အား ကြည့်ရှုအားပေးသည်။

မကွေးမြို့ မင်္ဂလာစံပြရုပ်ရှင်(မကွေး)တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ရုပ်ရှင်များ ပြန်လည်ပြသလျက်ရှိကာ ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့လယ်(၁၂)နာရီအချိန်တွင် “ဝေးမနေချင်ဘူး” မြန်မာရုပ်ရှင်၊ မွန်းလွဲ(၃)နာရီအချိန်တွင် Pee Nak 3 ထိုင်းရုပ်ရှင်နှင့် ညနေ(၆) နာရီအချိန်တွင် Beast အိန္ဒိယရုပ်ရှင်တို့အား ရုံတင်ပြသသွားမည်ဖြစ်ပြီး၊ ရုပ်ရှင်ချစ်သူ ပြည်သူများ အနေဖြင့် အပန်းဖြေလာရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ရုံးဝင်ခနှုန်းထားများ အနေဖြင့် တစ်ဦးလျှင် ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ်၊ ၃ဝဝဝကျပ်နှင့် ၃၅ဝဝကျပ် အသီးသီး သတ်မှတ်ထားကြောင်း  သိရသည်။

နောက်ဆုံးရ သတင်း