မကွေး ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသုံးပြုနေသော နိုင်- ၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၁ ရက် နေ့လယ် ၂ နာရီက မကွေးမြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် စာရင်းမှန်ရရှိရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အလိုက်ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်- ၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ စိစစ်ရေးသွင်းခြင်း ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင် ၏ မဲစာရင်းများအားအခြေပြုစစ်ဆေးရမည့် မြိုနယ်(လဝက)ရုံး အသီးသီးရှိ(နိုင်-၄)မှတ်တမ်း များအား Excel Format အသုံးပြု၍ ကွန်ပျူတာ စာရင်းသွင်းခြင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လဝက၊ ထွေအုပ်၊ တပ်မတော် နည်းပညာရှင်များ၊ အဆင့်မြင့်နှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၊လူမှုဝန်ထမ်းအဖွဲ့များ(Voluntter)များ ပူးပေါင်း၍ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ယခုလာမည့်ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲမှ အမှာအယွင်းမျိုးမဖြစ်စေရေး အတွက် မဲစာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုတည်းကိုသာ အခြေခံ စာရင်းအဖြစ် အသုံးပြုခြင်း မပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် မှတ်ပုံတင် စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် IT နည်းပညာကို အသုံးပြု၍ Software ရေးဆွဲကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ခြင်းဖြင့် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှု အပြည့်ဖြင့် စစ်မှန်သည့် စည်းကမ်းပြည့်ဝသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံ့ဝန်ထမ်းများအားလုံး အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင် မြင့်က ဝန်ကြီးဌာနမှ အသုံးပြုနေသာ နိုင်- ၄ မှတ်တမ်းများအား Excel Format ဖြင့် အချက်အလက် ရေးသွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသူများမှ အထွေထွေ ဆွေးနွေးတင်ပြမှုများ ဆောင်ရွက်ကာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။