မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မကွေး     ဧပြီ      ၂၅

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း      ဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က  နိုင်ငံတော်အနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ကဏ္ဍစုံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုတွေရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန်နှင့် လွယ်ကူချောမွေ့ စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးတည် လုပ်ဆောင်ထားသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး အစီအစဉ်များကို အသုံးပြုခြင်းအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များကြား ချိတ်ဆက်မှုပိုမို အားကောင်းစေပြီး စီးပွားရေးရပ်ဝန်းအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဌာနများက ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်မျာနှင့် ပတ်သက်၍ ပိုမိုတိုးတက်ခေတ်မီသည့် အီလက်ထရောနစ်အခြေပြု စနစ်ကောင်းများကို ဖော်ထုတ်ဆောင်ရွက်ခြင်းနှင့်အတူ  e-government စနစ်ကို အောင်မြင်အောင် အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Unboxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) စနစ်၊ တစ်နေရာတည်း အလုံးစုံ ဝန်ဆောင်မှု ပေးသည့်အဖွဲ့ ( One Stop Service)၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA info Android Mobile Application တို့ကို တက်ရောက်လာသူများအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း