မကွေး ဧပြီ ၂၆
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သဘာ၀မြေဩဇာ ပြုလုပ်သုံးစွဲခြင်း နည်းပညာဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက် နေ့လယ် ၃ နာရီက ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင့်လွင်တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး၊ EM အမျိုးမျိုးဖျော်စပ်နည်း ဘိုကာရှိသဘာ၀မြေဆွေး အမျိုးမျိုးပြုလုပ်မှုနှင့် မြေဆီလွှာဓါတ်ခွဲခန်းမှ ဓါတ်ခွဲထုတ်လုပ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။