မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး    ဧပြီ   ၂၈

၂၀၂၂ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥဒေချုပ်၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင့်က နွေရာသီအာကစားသင်တန်းများ ဖွင့်လှစ်ခြင်းသည် လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ် အားလပ်ရက်အား အကျိုးရှိရှိ အသုံးချတတ်ပြီး အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့် လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း မြင့်မားသော နိုင်ငံ့သားကောင်း/သမီးကောင်းများ ဖြစ်လာစေသည့်အပြင် ကျောင်းသား/သူလူငယ်များ ရုပ်ပိုင်းဆိုင်ရာများသာမက စိတ်ပိုင်းဆိုင်ရာများ ပါ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားကာ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်တို့ဖြင့် ထူးချွန်ထက်မြက်သောမျိုးဆက်သစ် အားကစားသမားလူငယ်များ ပေါ်ထွက်လာရေး အတွက် မိမိတို့တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် အားကစားပြိုင်ပွဲများအား အားကစား ပြက္ခဒိန်များရေးဆွဲပြီး ပြိုင်ပွဲများကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုနွေရာသီ အားကစား သင်တန်းတွင် အားကစားနည်း(၆)မျိုးအား အားကစားနည်းအလိုက် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ/ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များအလိုက် လေ့ကျင့်သင်ကြား  ပြသသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း နည်းပြဆရာများ၏ သင်ကြား ပေးမှုအပေါ် အကောင်းဆုံး ကြိုးစားသင်ယူပြီး အခြေခံအဆင့်မြင့် အားကစားပညာရပ်များအား ဆက်လက်လေ့လာ လိုက်စားကာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများက နွေရာသီ အားကစား သင်တန်းတွင် ပါဝင်သည့် ကရာတေးကစားနည်းမှ အခြေခံနည်းစနစ်များနှင့် အတိုက် ပြကွက်များ၊ လက်ဝှေ့အားကစားနည်း၏ အခြေခံလက်သီးထိုးနည်းနှင့် စားပွဲတင်တင်းနစ် အားကစား နည်း၏ အခြေခံကစားပုံများအား လက်တွေ့သရုပ်ပြသခဲ့ကြသည်။

၂၀၂၂ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နွေရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့နှင့် ကရာတေးဒိုစသည့် အားကစားနည်း(၆)မျိုးအား သင်ကြားပြသပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ မှာ (၂၈.၄.၂၀၂၂)ရက်နေ့မှ (၇.၅.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း