မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း နွေစပါး စိုက်ပျိုးထားရှိမှုအခြေနေ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း နွေစပါး စိုက်ပျိုးထားရှိမှုအခြေနေ ကွင်းဆင်းကြည့်ရှု

မင်းဘူး   မေ     ၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် အတူ တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၂ ရက် ယနေ့နံနက် ၈ နာရီအချိန်က ရွာသာယာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၄၁၃)ရှိ ကမ်းနီကျေးရွာအနီး တောင်သူ ဦးခင်မောင်မြင့်၏ မနောသုခ(RS) နွေးစပါး(၂)ဧက စိုက်ခင်းသို့ရောက်ရှိပြီး နွေးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူ ဦးခင်မောင်မြင့်၏ မနောသုခ(RS) နွေးစပါး (၂)ဧက စိုက်ခင်းသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးနှင့် ဒေသခံတောင်သူများမှ ၂၀၂၂ ခုနှစ်အတွင်း မင်းဘူး(စကု)မြို့နယ်၌ ရေသောက်ဧရိယာများအတွင်း နွေစပါးစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးရေ ရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ ပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ် ရေးနှင့် နွေစပါးစိုက်တောင်သူများ ယူရီးယာဓာတ်မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် တောင်သူ ဦးခင်မောင်မြင့် ၏ စိုက်ခင်းအတွင်း ဘောင်စနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ လယ်ပေါင်းကောက်နေမှုနှင့် မြေဩဇာကြဲပက် နေမှုများကို ကြည့်ရှုအားပေးသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်မြစ်ရေတင် လုပ်ငန်း ကမ်းနီနှင့်ကျောက်စံ၊ မြေအောက်ရေနှင့် ဆိုလာလျှပ်စစ်သုံး ရေပေးဝေရေး စသည့် စိုက်ပျိုးရေရရှိရေး နည်းလမ်းများအသုံးပြု၍ ကြဲခင်းနှင့် ပျိုးထောင်စိုက်ပျိုးစနစ်ဖြင့် မနောသုခ ၆၇ ဧက၊ ဆင်းသုခ ဧက ၂၀၊ ပခန်းရွှေဝါ ဧက ၄၀ နှင့် ချမ်းမြေ့မေ ၁၅ ဧက စုစုပေါင်း (၁၄၂)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း