မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့နယ်အတွင်း အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ) ပြန်လည် လည်ပတ်ရန် ပြင်ဆင်မှုလုပ်ငန်းများနှင့် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်း နွေစပါး ဧက(၁၀၀) အထူးဇုံ နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး၊

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့နယ်အတွင်း အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ) ပြန်လည် လည်ပတ်ရန် ပြင်ဆင်မှုလုပ်ငန်းများနှင့် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်း နွေစပါး ဧက(၁၀၀) အထူးဇုံ နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး၊

မကွေး     မေ     ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါကာ မေလ ၃ ရက်နေ့ နံနက်ပိုင်းက အောင်လံမြို့နယ် အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ စက်ရုံပြန်လည်လည်ပတ်ရန် ပြင်ဆင်မှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံစဉ် ဦးစွာ အမှတ်(၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ) ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဓာတ်မြေသြဇာစက်ရုံ ပြန်လည်လည်ပတ်ရန် ပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး စက်ရုံအတွင်း စက်မှု ပိုင်းဆိုင်ရာ၊ လျှပ်စစ်/စက်ကိရိယာပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများအား လှည့်လည် ကြည့်ရှုသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ် ကျေးရွာ အုပ်စု ဒုရင်္ဂဗိုလ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာ နွေစပါးဧက(၁၀၀)အထူးဇုံအတွင်း တောင်သူ ဦးထွန်းထွန်းနှင့် ဦးမြင့်ဇော်တို့၏ ရတနာတိုးစပါးမျိုး(၅)ဧကစံပြစိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားမှု အခြေအနေများကိုကြည့်ရှုကာ တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ လိုအပ်ချက် တင်ပြတောင်းခံမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရ သတင်း