မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီတဂူဝိပဿနာ တက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း(၁၅၀) ဆက်ကပ်လှူဒါန်း၊ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား ရေလယ်တိုင်များ ဆောက်လုပ်ပြီးစီးမှု၊ ရေတိုက်စားမှု ကာကွယ်ရေး ကျောက်ခြင်းများ ထည့်သွင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီတဂူဝိပဿနာ တက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း(၁၅၀) ဆက်ကပ်လှူဒါန်း၊ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား ရေလယ်တိုင်များ ဆောက်လုပ်ပြီးစီးမှု၊ ရေတိုက်စားမှု ကာကွယ်ရေး ကျောက်ခြင်းများ ထည့်သွင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ရွာထောင်ရပ်ကွက် သီတဂူဇောတိကစာသင်တိုက် ဆရာတော် သီတဂူဇောတိကအား ဖူးမျှော်ကြည်ညို၍ ကျောက်ဆည်‌ ကျေးရွာအုပ်စု(မကွေး-ပြည်)ကားလမ်းမကြီးဘေးတွင် တည်ဆောက်နေသည့် သီတဂူဝိပဿနာ တက္ကသိုလ် ဆောက်လုပ်မှုအတွက် အလှူငွေ ကျပ်သိန်း (၁၅၀)အား မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ရခိုင်ကျောင်းတိုက် ဆရာတော်သီတဂူဇောတိကထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ သီတဂူဝိပဿနာ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းမှုနှင့်စပ်လျဉ်း၍ အောင်လံမြို့ သီတဂူဇောတိက ဝိပဿနာတက္ကသိုလ်(ပရဝုဏ်)အတွင်း တည်ထားကိုယ်ကွယ်သော ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ တစ်ဉီးတည်းသော ဘုရားဒါယိကာမကြီး အမေရိကန်နိုင်ငံနေ Mrs. Mary Mei Li Fong ဒေါ်မယ်ရီမိုင်လီဖွန်မှ တိုင်းဒသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေတ္တာလက်ဆောင်မွန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်-အောင်လံ ဧရာဝတီမြစ်ကူး တံတား(အောင်လံ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူ များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည် များ မှာကြားဆောင်ရွက်ပြီး၊ ဇက်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်း ရေလယ်တိုင်များ ဆောက်လုပ် ပြီးစီးမှုအခြေအနေ၊ရေတိုက်စားမှုကာကွယ်ရန်အတွက် ကျောက်ခြင်းများ ထည့်သွင်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း