မကွေး မေ ၇
ကွန်ပျူတာတက္ကသိုလ်(မကွေး) ၁၂ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားကို မေလ ၇ ရက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ကြည့်ရှုအားပေးကာ ဘွဲ့ရမောင်မယ်များနှင့် မိဘများအား ရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။