မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

မကွေး မေ   ၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မကွေးတက္ကသိုလ်တွင် အသစ်ခန့်အပ်ထား သည့် နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များ ကြိုဆိုပွဲအခမ်းအနားကို မေလ ၉ ရက် ယနေ့နံနက် ၉ နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ တိုင်း၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသစ်ခန့်အပ်ခြင်းခံရသည့် နည်းပြ/သရုပ်ပြ  ဆရာ၊ ဆရာမ များ တက်ရောက်ခဲ့ကြသည်။

နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များ ကြိုဆိုပွဲအခမ်းအနားတွင်  ဦးစွာ မကွေးတိုင်း‌    ဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတက္ကသိုလ်၏ နည်းပြ/သရုပ်ပြ ခန့်ထားမှုများ အနေဖြင့် ဘာသာရပ်အလိုက် ဖြည့်တင်းခန့်ထားမှုကို တွေ့ရှိရပြီး  ဆရာ/ဆရာမ(၃၇)ဦး ခန့်ထား သည်ကို တွေ့ရှိရပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာ ရေးဖွံ့ဖြိုးမှုသည် အရေးကြီးပြီး လူ့စွမ်းအားအရင်းအမြစ်ခိုင်မာမှ တိုင်းပြည်၏အနာဂတ်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့်ကျန်းမာရေး ကောင်းမွန် အောင် အစဉ်တစိုက် ဆောင်ရွက်နေကြောင်း၊ မျက်မှောက်ခေတ်ကာလဖြစ်‌သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် သစ်လွင်ဆရာ/ဆရာမများအနေဖြင့် ကြိုးစားသွားရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း အမြဲတမ်း လေ့လာသင်ယူရန် လိုအပ်ကာ ‌ခေတ်နှင့်အညီ ပေါ်ထွန်းလာသည့် နည်းပညာရပ်များကို အသုံးချပြီး အသိဉာဏ် အမျှော်အမြင်တို့ဖြင့် ပြည့်စုံသည့် ပညာရေးပတ်ဝန်းကျင် ဖန်တီးနိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ၂၀၂၂ခုနှစ်မှ စတင်၍ မကွေးတက္ကသိုလ်တွင် ပါရဂူတန်း ကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ပညာရေးအခွင့်အလမ်းများ ပွင့်လန်းလာပြီဖြစ်ကြောင်း၊ သစ်လွင် ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ တိုးတက်ရာတိုးတက်ကြောင်း ပညာရပ်များအား ဆက်လက် လေ့လာဆည်းပူးပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဆရာကောင်းဆရာမြတ်များ ဖြစ်သည် အထိ ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ရာ မကွေးတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူ ခဲ့ကြောင်းနှင့် မကွေးတက္ကသိုလ် အနေဖြင့် တက္ကသိုလ်ရှိ ဘာသာရပ်ဌာနအသီးသီး၏ သင်ကြားမှု ပိုမိုကောင်းမွန်စေရေးအတွက် နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမ(၃၉)ဦးအား ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း