မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (၂/၂၀၂၂)  ကြိမ်မြောက် အစည်းအဝေး တက်ရောက်

မကွေး     မေ     ၁၀

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးရှိ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ကော်မတီဝင်များ၊ တတ်သိပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးကြရန်၊ မကွေးတိုင်းဒေသကြီးရှိ ဟိုတယ်/မိုတယ်များသို့ ဧည့်သည် ဝင်ရောက် တည်းခိုမှုနှင့် ဝင်ငွေစာရင်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်တွင်းဧည့်သည် (၂၈၁၄၂)ဦး၊ ပြည်ပ (၁၅၈)ဦး၊ နှင့်ဝင်ငွေ စုစုပေါင်း( ၂၉၆၁၅၀၇၅၀) ထိရရှိခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသများရှိ ဒေသခံ ပြည်သူလူထုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာနယ်ပယ်ရှိ ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးထိုးနှံပေးသွားရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးကို လာရောက်လည်ပတ်သူများ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရရှိရေးအတွက် ကျန်းမာရေးဆိုင် Health and Safety Protocol (HSP) အစီအစဉ်အရ ဒေသအဆင့် (Regional Level)ကို ဟိုတယ်/ မိုတယ် (၄၀) လုံးအား ထုတ်ပေးပြီးဖြစ်၍ ကျန်ဟိုတယ်၊ မိုတယ်များမှလည်း(Regional Level)များရရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  နိုင်ငံအဆင့် (National Level) ကို (HSP) အသိအမှတ်ပြု လက်မှတ်ရရှိရေး ဟိုတယ်၊ မိုတယ်များမှလည်း (National Level) လျှောက်ထားနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ ဧည့်စာရင်းတိုင်ကြားသည့် စနစ်တစ်ခုဖြစ်သည့် Hotel Guest List Management System (HGLMS) စနစ်ကို အဆင့်မြှင့်တင်ထားပြီးဖြစ်၍ ဟိုတယ်/မိုတယ်များမှ (HGLMS) စနစ်ကို သုံးစွဲဆောင်ရွက်ကြနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီး တွင် ခရီးစဉ်ဒေသ သတင်းအချက်အလက်များနှင့် ကိုဗစ်-၁၉ဆိုင်ရာ အချက်အလက်များကို ပံ့ပိုး ထားရှိနိုင်ရေး၊ ခရီးစဉ်ဒေသ၏ Tourism Facility တစ်ခုဖြစ်သော Information Counter ကို မြသလွန်စေတီတော်နှင့် မကွေးလေဆိပ်တို့တွင်ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီးဖြစ်၍ မကြာမီအချိန် အတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝအခြေခံ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရွှေစက်တော်ဒေသရှိ သဘာဝ တောရိုင်းမြေဧက(၆၀.၀၀)ဧကပေါ်တွင် သဘာဝအခြေခံ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံဖြိုး တိုးတက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် အထောက် အကူပြု ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းများကို GSG Internatonal Co.Ltd မှ မြေပြင်ကွင်ဆင်း၍ Survey တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် များ စိတ်ချမ်းမြေ့ပျော်ရွှင်လုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ဟိုတယ်/မိုတယ်များရှိ ဝန်ထမ်းများမှ ဝန်ဆောင်မှုများ ကောင်းစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ခရီးသွား ဆွဲဆောင်နိုင်ရန် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ဖော်ထုတ်မြှင့်တင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မကွေးတိုင်းဒေသကြီး ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ ခရီးသွား ဧည့်သည် တိုးတက်ရရှိရေးအတွက်လည်း ခရီးစဉ်ဒေသမြှင့်တင်ကြော်ငြာနိုင်ရေး ပိုမို ဆောင်ရွက်ကြရန်နှင့် ခရီးစဉ် ဒေသအတွင်း ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် ပြပွဲ၊ ပြိုင်ပွဲများ၊ လှုပ်ရှား ဆောင်ရွက်မှုများနှင့် တီထွင်ဆန်းသစ်မှုများ ဖန်တီးဆောင်ရွက်သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှု အခြေအနေများကို လည်းကောင်း၊ လုပ်ငန်းလိုင်စင်သက်တမ်း တိုးခွင့်တင်ပြထားသည့် ဟိုတယ်/ တည်းခိုရိပ်သာ(၇)လုံး၊ ဧည့်လမ်းညွှန်(၁)ခု တို့အား သက်တမ်းတိုးမြှင့်ပေးနိုင်ရေး၊ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန် ကာလရှည်ပျက်ကွက်လျှက်ရှိသည့် ဧည့်လမ်းညွှန်လိုင်စင်(၃၉)ခုအား မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ပါယ်ဖျက်ခွင့်ပြုပါရန်လည်းကောင်း၊ လိုင်စင်အသစ်ခွင့်ပြုရန် တင်ပြ လာသည့် ဟိုတယ်(၅)ခုအား လိုင်စင်ခွင့်ပြုနိုင်ရန်လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုများ အရည် အသွေး စံချိန်စံညွှန်းပြည့်ဝရေး ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း တင်ပြခဲ့ပြီး၊ အစည်း အဝေးသို့ တက်ရောက်လာသူ ကော်မတီဝင်များမှ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေး တင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း