မကွေး ဧပြီ ၁၃
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယာဉ်ကျေး မှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပကို ဧပြီလ ၁၃ ရက် ယနေ့နံနက် ၈ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က ၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ဟာ မြန်မာတိုင်းရင်းသားများရဲ့ နှစ်သစ်ကူး ပြောင်းခြင်းအထိမ်းအမှတ် အနေနဲ့ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအတားအဆီးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ မိမိတို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လိုရာပန်းတိုင်ကို ရောက်ရှိကြဘို့ ရည်ရွယ်ပြုလုပ်တဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အားလျော်စွာ ကျွန်တော်တို့အနေနဲ့ ရှေးယခင်နှစ်များစွာက ကျင်းပပြုလုပ်ခဲ့တဲ့ နည်းတူ အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာရိုးရာ ယာဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး မင်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက အခမ်းအနားတက်ရောက် လာကြသော ဧည့်ပရိတ်သတ်များအား သပြေခက်ဖြင့် ရေပက်ဖြန်းခြင်း၊မြန်မာ့ရိုးရာ ယဉ်ကျေး မှု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယိမ်းအကအလှအဖွဲ့များက နွေဦးကဗျာ၊ ရွှေမန်းမာလာ၊ မန်းတောင်ရိပ်ခို သင်္ကြန်တေးသီချင်းများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။