မင်းဘူး မေ ၁၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး၊ တိုင်းဦးစီးမှူး၊ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်သည် မင်းဘူး(စကု)မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်းနေမှုအား ယမန်နေ့ ညနေ ၅ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ညွှကြားရေးမှူး ဦးစိုးပိုင်မြင့်က လူဦးရေစာရင်း ပြုစုရာတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ( ၆၆/၆ ) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ e-ID Excel Format ရေးသွင်း ဆောင်ရွက်နေမှုအား တိတိကျကျ မှန်မှန်ကန်ကန် မြန်ဆန်ပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်နေမှုတွင် လဝကဦးစီးဌာနမှ ဝန်ထမ်း ၁၀ ဦးအပြင် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၂၀ ဦးအင်အား ဖြည့်တင်း၍ စုစုပေါင်း ၃၀ ဦးက Computer ၁၅ လုံးဖြင့် အချိန်မီ ပြီစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဦးစိုးပိုင်မြင့်နှင့်အတူ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ ခရိုင် လဝကမှူး၊ ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်းနှင့် လ/ထညွှန်ကြားရေးမှူး မြင့်နိုင်တို့ လိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။