မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

(Information Counter)ဖွင့်လှစ်ခြင်းနှင့် မသန်စွမ်းသူများအတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး အထောက်အကူပြု Wheelchair ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ဟိုတယ်နှင်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

(Information Counter)ဖွင့်လှစ်ခြင်းနှင့် မသန်စွမ်းသူများအတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး အထောက်အကူပြု Wheelchair ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ဟိုတယ်နှင်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေး   မေ  ၁၅

မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထား ရှိသည့်(Information Counter)(၂)ခု ဖွင့်လှစ်ခြင်းနှင့် မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာ နိုင်ရေး အထောက်အကူပြု Wheelchair ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို  မေလ ၁၅ ရက် ယနေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်ဘုရား မဟာဝိဇယရံသီတန်ဆောင်းတော်တွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မကွေးမြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က(Information Counter) (၂)ခု ဖွင့်လှစ်ခြင်းနှင့် မသန်စွမ်းသူများ အတား အဆီးမဲ့ ခရီးသွားလာနိုင်ရေး အထောက်အကူပြု Weelchair ပေးအပ်လှူဒါန်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြာခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ မသန်စွမ်းသူများ အတားအဆီးမဲ့ခရီးသွားလာနိုင်ရေး အထောက်အကူပြု Weelchairများ ပေးအပ်လှူဒါန်းမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့က မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိသည့် (Information Counter)(၂)ခုအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရ သတင်း