မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး  မေ ၁၄

           မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေလ ၁၄ ရက် ယနေ့နံနက်ပိုင်းက မကွေး တက္ကသိုလ် ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်း ဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

           ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ မကွေးတက္ကသိုလ် ဝန်းအတွင်း  အဝင်လမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက်  မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ် များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် သိမ်းဆည်းဆောင်ရွက်ကာ စနစ်တကျစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခဲ့ကြသည်။

           အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ခရိုင်၊မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ တက္ကသိုလ်ရှိ ဆရာ/ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံ များ ဥပဓိရုပ် ကောင်းမွန်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိ သူများအား  မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း