မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ သံဃာတော်(၁၆၁)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲသို့ တက်ရောက် ကုသိုလ်ပြု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ သံဃာတော်(၁၆၁)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲသို့ တက်ရောက် ကုသိုလ်ပြု

မကွေး    မေ  ၁၄

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ တွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းကို မေလ ၁၄ ရက် ယနေ့ နံနက်(၇)နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။

           ထိုသို့ ဆွမ်းဆန်စိမ်းများလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်းကုသိုလ်ပြု ဆောင်ရွက်ရာ ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် တပ်နယ်မှူး၊  တိုင်း၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များနှင့် အတူ မကွေးမြို့ မြသလွန်ဘုရားရှိ မဟာအတုလရံသီ တန်ဆောင်းတော်၌ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း(၉၆)ကျောင်းမှ သံဃာတော်(၁၆၁)ပါးအား ဆွမ်းဆန်စိမ်းများလောင်းလှူခြင်း၊ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်၌ ကဆုန်လပြည့်နေ့ အခါသမယ မြသလွန် စေတီတော် ဝတ်အသင်းအဖွဲ့များက ညောင်ရေသွန်းလောင်း ဂါထာတော်များ ရွက်ဖတ်ပူ ဇော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့များ၊ ဘုရားဖူးလာ ပြည်သူများက မဟာဗောဓိညောင်ပင် အားညောင်ရေသွန်းလောင်း ကုသိုလ်ပြုခဲ့ကြသည်။

           အဆိုပါ ဆွမ်းဆန်စိမ်လောင်းလှူပွဲနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်း အခမ်းအနား သို့တက်ရောက်လာကြသူများနှင့် ကဆုန်လပြည့်နေ့ အခါသမယ ကုသိုလ်ပြု ဘုရားဖူးလာ ပြည်သူ များအား မြန်မာ့ရိုးရာ မုန့်များဖြင့် စတုဒိသာ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း