မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး   မေ  ၁၃

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား/ အမျိုး သမီး ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၃ ရက် ယနေ့နံနက်(၉)နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

           ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မကွေးခရိုင် အမျိုးသား ဘော်လီဘောအသင်းနှင့် ပခုက္ကူခရိုင် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည်ရှုအားပေးကာ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မကွေးခရိုင်အမျိုးသားဘော်လီဘောအသင်း မှ အနိုင်ရရှိခဲ့ပြီး အမျိုးသမီးဘော်လီ‌ဘောပြိုင်ပွဲတွင် မင်းဘူးခရိုင် အမျိုးသမီးဘော်လီဘောအသင်းမှ အနိုင်ရရှိခဲ့ကြသည်။

           ဆက်လက်၍ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုး သား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသားဘော်လီဘော ပြိုင်ပွဲ တွင်ပထမဆုရရှိသော မကွေးခရိုင်အမျိုးသားဘော်လီဘောအသင်းအား တစ်ဦးချင်းဆွဲပြားဆုကလပ် နှင့် ငွေသား ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒုတိယဆုရရှိသည့် ပခုက္ကူခရိုင် အမျိုးသား ဘော်လီဘောအသင်းအား တစ်ဦးချင်း ဆွဲပြားများနှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေးက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး ပိတ်ဆို့ဆု၊ အကောင်း ဆုံးစပေးဘောဆုနှင့် အကောင်းဆုံးဆယ်မဆုရရှိသည့် အားကစားသမားများအား ဆုကလပ်များနှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်း မြင့်က အမျိုးသမီး ဘော်လီ‌ဘောပြိုင်ပွဲတွင် ပထမ ဆုရရှိသော မင်းဘူးခရိုင် အမျိုးသမီး ဘော်လီဘော အသင်းအား တစ်ဦးချင်းဆွဲပြား ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ချီးမြှင့်ပေး အပ်ခဲ့သည်။

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲကို  အားကစားပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှုအဆင့်အ တန်း မြင့်မားလာပြီး စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် တိုင်းဒေသကြီး အတွင်းရှိ မျိုးဆက်သစ်လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း