မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာနယ်မြေ မီးသတ် စခန်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာနယ်မြေ မီးသတ် စခန်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မင်းဘူး    မေ   ၁၃

           မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၁၃ ရက် ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာနယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

           ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ရွာသာယာ ကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံပြည်သူများအတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ် ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသောလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေ ၁၅၀ ဒသမ ၉၉၁ ကျပ်သန်းဖြင့် ဒေခံပြည်သူများ အားကိုးအားထား ပြုနိုင်မည့် ယခုလို နယ်မြေမီးသတ်စခန်းသစ်ကြီးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ မီးသတ်စခန်းမှာ မင်းဘူးမြို့နှင့် မင်းလှမြို့ကြား လမ်းမဘေးတွင်တည်ရှိပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လွှမ်းခြုံနိုင်သည့်အပြင် မင်းလှမြို့နယ်၊ မန်းသံပုရာကန် ရေနံချက်စက်ရုံ (PIC) နှင့် မင်းဘူး မြို့နယ်၊ ထောက်ရှာပင်-ကမ်းနီရေနံမြေများတွင် မီးဘေးအန္တရာယ်တစ်စုံတစ်ရာဖြစ်ပွားလာပါက အမြန်ဆုံး ထွက်ခွာငြှိမ်းသတ် ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် အချက်အခြာကျသော နယ်မြေမီးသတ်စခန်း တစ်ခုဖြစ်ကြောင်း၊ မင်းဘူးခရိုင်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မီးလောင်မှု (၃၅)ကြိမ်ဖြစ်ပွားခဲ့ပြီး ၈၇ ဒသမ ၆၇၀ ကျပ်သန်းခန့် ဆုံးရှုံးခဲ့ရပြီး မင်းဘူး (စကု)မြို့နယ်အနေဖြင့် အဆိုပါနှစ်အတွင်း မီးလောင်မှု (၁၂)ကြိမ်ဖြစ်ပွားကာ ၁၂ ဒသမ ၁၀၀ သန်းခန့် ဆုံးရှုံးခဲ့ရပါကြောင်း၊ မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်နှင့် သဘာဝ ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်  စေရန် ယခုလို နယ်မြေမီးသတ်စခန်းများကို တိုးချဲ့ဆောက်လုပ်ပေးရခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

           ထို့နောက် ဒေသခံတစ်ဦးမှ ရွာသာယာနယ်မြေမီးသတ်စခန်း ဆောက်လုပ်ပေးနိုင်ခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန် ရှိသူတို့က ရွာသာယာနယ်မြေ မီးသတ်စခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရ သတင်း