မကွေး မေ ၁၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာ အထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) တိုင်း ဒေသကြီးအဆင့် ဆွေးနွေးပွဲကို မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန် ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က အခြေခံ ပညာအထက်တန်းအဆင့် Grade -11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲမှာ ဆရာ/ ဆရာမများအား စုံလင်စွာ တွေ့ရှိရသည့်အတွက် များစွာပီတိဖြစ်ရပြီး တိုင်းပြည်အတွက် ကျရာကဏ္ဍ မှ တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများအဖြစ်လည်း ဂုဏ်ယူဝမ်းမြောက် စွာ မှတ်တမ်းတင်အပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စနစ်သစ်ပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းသည် ဆရာ/ ဆရာမများ၏ စွမ်း ဆောင်ရည်အား စဉ်ဆက်မပြတ်မြှင့်တင်ရာရောက်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ခန်း စာများ ပြန်လည်ပို့ချရာမှာ များစွာအထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ တိုင်းဒေသ ကြီးအဆင့် ဆွေးနွေးပွဲက သင်ကြားပို့ချပေးသည့် သင်ခန်းစာများအား တက်ကြွစွာဖြင့် သင်ယူပြီး မိမိ တို့၏ မြို့နယ်အသီးသီးမှာ နည်းပြကောင်းများအဖြစ် ပြန်လည်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အခြေခံပညာ သင်ကြားရေးသည် အခမဲ့စနစ်ဖြစ်ပြီး အတန်းတိုင်း၏ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား နိုင်ငံဘဏ္ဍာငွေဖြင့် ကျခံပေးလျက်ရှိသည့်အပြင် ယခုနှစ်တွင် မူလတန်းအဆင့် KG တန်းမှ Grade – 5အထိ ကျောင်းသား/သူများအား ကျောင်းဝတ်စုံ တစ်စုံစီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ယခုဆွေးနွေးပွဲ အောင်မြင် စွာ ပြီးမြောက်ရေးအတွက် လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က Grade -11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ ငွေကျပ်(၅)သိန်းအား မကွေးမြို့နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) တိုင်း ဒေသကြီးအဆင့် ဆွေးနွေးပွဲကို (၁၆.၅.၂၀၂၂)ရက်နေ့ မှ (၁၈.၅.၂၀၂၂)ရက်နေ့အထိ ကျင်းပဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၂၆၅)ဦး အား သင်တန်းနည်းပြ ဆရာ/ဆရာမ (၃၀)ဦးမှ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။