မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွန်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  အခြေခံပညာ ကာယပညာနှင့်  အားကစားနည်းပြ မွန်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး     မေ     ၁၆

မကွေးတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားအများစုသည်လည်း အခြေခံပညာ ကျောင်းများမှတစ်ဆင့် ပေါ်ထွက်လာတာကိုတွေ့ရှိရတဲ့အတွက် ရွက်ပုန်းသီး အားကစားသမားများ ကို ရှာဖွေ၊ ဖော်ထုတ်၊ လေ့ကျင့်ပျိုးထောင်ပေးရန်မှာ ကာယပညာ ဆရာ၊ဆရာမများရဲ့ အဓိက တာဝန် တစ်ရပ်ဖြစ်သလို ကျောင်းများပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ  ကျောင်းနေပျော်တဲ့ ကလေးများ၊ စည်းကမ်းရှိတဲ့ ကလေးများ၊ အားကစားထူးချွန်တဲ့ ကလေးများဖြစ်အောင် ကာယပညာနှင့် အားကစား ပညာရပ်များကို စွမ်းစွမ်းတမံ လေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က  မေလ ၁၆ ရက် ယနေ့ နံနက်ပိုင်း ပညာရေးဒီဂရီကောလိပ် (မကွေး) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွန်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ကြီးမှူး၍ ဖွင့်လှစ်သည့်  အခြေခံပညာ ကာယပညာ နှင့် အားကစားနည်းပြမွန်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က ဒီသင်တန်းကို တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအသီးသီးမှာ တာဝန်ထမ်းဆောင် နေကြတဲ့  ကာယပညာ ဆရာ၊ ဆရာမများရဲ့ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေဖို့ ရည်ရွယ်တဲ့ ကာယပညာနှင့် အားကစားနည်းပြ မွန်းမံသင်တန်းဖြစ်ကြောင်း၊ ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပတဲ့အခါမှာ ကျောင်းသား၊ကျောင်းသူလေးများကို  အားကစားနည်းအလိုက် လေ့ကျင့်သင်ကြား ပေးနိုင်တဲ့ အားကစားနည်းအလိုက် ကျွမ်းကျင်တဲ့ ကာယပညာဆရာ၊ဆရာမများ မရှိမဖြစ်လိုအပ် သလို ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသကဲ့သို့ နည်းပြဆရာကောင်းမှ ထူးချွန်တဲ့ ရွက်ပုန်းသီး အားကစားသမားကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး လက်ရွေးစင် အားကစားသမား အများစုသည်လည်း အခြေခံပညာ ကျောင်းများမှ တစ်ဆင့် ပေါ်ထွက် လာတာကို တွေ့ရှိရတဲ့အတွက် ရွက်ပုန်းသီး အားကစားသမားများကို ရှာဖွေ၊ ဖော်ထုတ်၊ လေ့ကျင့် ပျိုးထောင်ပေးရန်မှာ ကာယပညာ ဆရာ၊ဆရာမများရဲ့ အဓိက တာဝန်တစ်ရပ်ဖြစ်သလို၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်တဲ့အချိန်မှာ  ကျောင်းနေပျော်တဲ့ ကလေးများ၊ စည်းကမ်းရှိတဲ့ ကလေးများ၊ အားကစားထူးချွန်တဲ့ ကလေးများဖြစ်အောင် ကာယပညာနှင့်အားကစားပညာရပ်များကို စွမ်းစွမ်း တမံ လေ့ကျင့်သင်ကြားပေးကြဖို့ တိုက်တွန်းလိုကြောင်း၊ ကာယပညာ ဆရာ၊ဆရာမများ အနေနဲ့ ရှိရင်းစွဲ အသိပညာ အတတ်ပညာများကို  ခေတ်နှင့်အညီ တိုးတက်ပြုပြင် ပြောင်းလဲနေသော အားကစား နည်းများအလိုက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ပြိုင်ပွဲကျင်းပပုံစနစ်၊ အခြေခံနှင့် အဆင့်မြင့် နည်းစနစ်များကို  ဒီမွမ်းမံသင်တန်းမှာ ရက်တိုတို အချိန်တိုတိုအတွင်း နည်းပြများက စာတွေ့လက်တွေ့ ဆွေးနွေးပို့ချသွားမှာဖြစ်လို့ သင်တန်းသားများအနေနဲ့ ပင်ပန်းမှုကို အလေးမထား ဘဲ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံပညာ ကာယပညာနှင့် အားကစားနည်း ပြမွန်းမံသင်တန်းသို့ တက်ရောက်လာသည့်  သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေ ကျပ်(၃)သိန်းအားထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ ကာယပညာ ဆရာ၊ဆရာမ (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး(၁၆-၅-၂၀၂၂)ရက်နေ့ မှ (၁၈-၅-၂၀၂၂)ရက်နေ့အထိ(၃) ရက်ကြာ သင်ကြားပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း