မကွေး မေ ၁၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိများ တွေ့ဆုံလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၇ ရက် နံနက် ၁၀ နာရီက မကွေးမြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မြို့သန့် ရှင်းသာယာလှပရေး၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ အခြားလုပ်ငန်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးထင်အောင်က မြို့သန့်ရှင်းသာယာလှပရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးမှ ရုံးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှူးကြီးက ၂၀၂၂-၂၀၂၃ ခုလဏ္ဍာရေးနှစ်တင်ဒါလုပ်ငန်းများ ဆောင်ရွက်မှု၊လမ်း တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန်လျာထားမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့်တိုးချဲ့သည့် ချောက်မြို့နယ်နှင့် အောင် လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ ခရိုင်အဆင့်မြို့နှင့် လျော်ညီစွာ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လျာထားဆောင်ရွက်မှု အခြေအနေများနှင့် တက်ရောက်လာသူများမှ အထွေထွေတင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များ မှာကြားကာ၊ မြိုနယ်အသီးသီးမှ အမှုဆောင် အရာရှိများ အနေဖြင့် မိမိမြို့ရွာဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများကို ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့ ကြောင်း သိရသည်။