မကွေး မေ ၂၀
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ဗိုလ်ဥတ္တမခန်းမ၌ နိုင်-၄ မှတ်တမ်းများ Excel Format နှင့် e-ID စနစ် Software ရေးသွင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ လုပ်ငန်းများ အမြန်ပြီးပြတ်စေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ ရေး အဖွဲ့နှင့် ကော်မတီဝင်များ၊ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ လက်ရှိမြို့ရေပေး ဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အုပ်ချုပ်ရေးအဖွဲ့ များ၊စည်ပင်သာယာရေးအဖွဲ့များ၊စည်ပင်ကော်မတီဝင်များအနေဖြင့် ပြည်သူများ သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့ရေပေးရေးလုပ်ငန်းကို အချိန်မှန်ပေးနိုင်အောင် စီမံဆောင် ရွက်ရန်လိုပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွန်ငွေများ ပြေကြေစွာကောက်ခံရရှိရေး အတွက်လည်း အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် အခွန်နှုန်းထားများ ကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ သတ်မှတ်ကောက်ခံနိုင်ရန် ဆောင်ရွက်ဖို့လိုကြောင်းဖြင့် မှာကြားဆောင်ရွက်ခဲ့သည်။