မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

အထက်မင်းလှ       မေ   ၂၄

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည်မေလ ၂၄ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မင်းလှမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်စီးမှူးဦးစန်းမင်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများအားတွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှကြားခဲ့သည်။

        တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့်မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကိုတိုက်ရိုက်ထိရောက်မှုရှိရန်လိုအပ်ပါကြောင်း၊မကြာမီကာလတွင်အ ခြေခံပညာကျောင်းများဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ စာသင်ခန်းများ တောင့်တင်းခိုင်မာရေး၊စာသင်ခုံပြည့်စုံမှုရှိစေရေး၊သန့်စင်ခန်းများလိုအပ်ချက်၊သောက်သုံးရေလိုအပ်ချက်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊လုံခြုံရေးစီမံချက်များ၊သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်အစီအမံများ ဆောင်ရွက်ထားရှိရန်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့်ပညာသင်ကြားနိုင်ရေးဆောင်ရွက်ရန်၊ကိုဗစ်-၁၉ရာဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအားဆက်လက်ထိုးနှံပေး‌ရန်၊ ကူးစက်ရောဂါများပြန့်ပွားမှုမရှိစေရေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ဆို၊က၊ရေး၊တီးပြိုင်ပွဲများကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ဝါသနာရှင်များ၊ပညာရှင်များပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်၊ကျောင်းသား/ကျောင်းသူများ၊လူငယ်လူရွယ်များ အားကစားပြိုင်ပွဲများဝင် ရောက်ယှဉ်ပြိုင် ရေး ဆောင်ရွက်ရန်၊မြို့နယ်အတွင်း၌ အသက်(၈၅)နှစ်အထက်အဘိုး၊အဘွားစာရင်း‌ ကောက်ယူရာတွင် စနစ်တကျ ကောက်ယူဆောင်ရွက်ရန်၊သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများပြင်ဆင်ဆောင်ရွက်ထားရှိရန်၊သဘာဝဘေးအန္တရာယ်ဖြစ်‌ပေါ်ပါက ထိခိုက်ပျက်စီးမှုအတွက်ကယ်ဆယ်ရေးပစ္စည်းများ အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးမိမိမြို့နယ်တွင် ကယ်ဆယ် ရေးပစ္စည်းများစီမံဆောင်ရွက်ထားရှိရန်၊ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုရေးသွင်းရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ Excel Format ရေးသွင်းနေမှုနှင့် e-ID စနစ် Software ရေးသွင်းမှုအားပြီးစီးရေးအလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့်သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့ရာ လူမှုရေးရာဝန်ကြီးကလိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း