မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား  ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်

မကွေး    မေ    ၂၆

အေးချမ်းသာယာကြပါစေ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသော မကွေးတိုင်းဒေသကြီး အတွင်းရှိ စေတနာ့ဝန်ထမ်းများ အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက် ယနေ့ နံနက် ၁၀ နာရီ က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်း ဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရ  အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်း များတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသူများ၏ စေတနာ့ ဝန်ထမ်းစိတ်ဓာတ်ကို နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကို ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် အစိုးရ နှင့် ပြည်သူများ လက်တွဲညီစွာ ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၍ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးသုံးအကာအကွယ် ပစ္စည်းများအား ထောက်ပံ့ပေးခြင်း အပြင် ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား သင်တန်းပို့ချခြင်းများ၊ ပြည်သူများ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် အောက်ဆီဂျင် စက်ရုံများအား တည်ဆောက်ပေးခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း၌ စေတနာ့ဝန်ထမ်း အသင်း/အဖွဲ့အစည်းပေါင်း(၁၂၉)ဖွဲ့နှင့် စေတနာ့ဝန်ထမ်းဦးရေ(၉၀၃)ဦးအထိရှိကြောင်း စာရင်း အချက်အလက်များအရ သိရှိရပြီး စာရင်းကောက်ယူရာတွင် မပါဝင်သော်လည်း ရပ်ကွက်/ ကျေးရွာ အလိုက် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအားလည်း အသိအမှတ်ပြု ဂုဏ်ပြု ပါကြောင်းနှင့် အများပြည်သူအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းတိုင်းတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ရောဂါတတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်းများအား မကွေးတိုင်း  ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း