မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး

မကွေး   မေ  ၂၇

           မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း တို့နှင့်အတူ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ မေလ ၂၇ ရက် ယနေ့ နံနက် ပိုင်းက မင်းဘူး (စကု) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။

           ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့သည် မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား/ကျောင်းသူ များအတွက် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အဆိုပါကျောင်းခန်းမ၌ ကျောင်းအပ်နှံ သည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ရင်းရင်းနှီနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ယဉ်ကျေးလိမ်မာ စာအုပ်များကို ကျောင်းတာဝန်ရှိသူထံ လှူဒါန်းပေးအပ်ခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ကျောင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ယဉ်ကျေးလိမ်မာ စာအုပ်များကို ကျောင်းအုပ်ကြီးထံ လှူဒါန်းပေးအပ်ခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါကျောင်းခန်းမ၌ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ကျောင်းသား/ကျောင်းသူများ ဖတ်ရှု လေ့လာနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ယဉ်ကျေးလိမ်မာစာအုပ်များကို လှူဒါန်းပေးအပ်ခဲ့သည်။

           ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် စကုမြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (တောင်ရပ်)ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အေးချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး ခေတ္တကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်စည်း ဆောင်ရွက်ပေး ခဲ့သည်။

           မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာကျောင်း ၁၄၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၆၀ ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း