အောင်လံ မေ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန် နှင့် မကွေး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်တို့သည် (၂၇.၅.၂၀၂၂) ရက်နေ့ နံနက်(၁၁)နာရီအချိန်က အောင်လံမြို့သို့ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် အဝေးပြေးကားကြီးကွင်းမြေနေရာ၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ဆက်လက် ဆောင်ရွက်မည့် မြို့ပတ်လမ်း၊ အဖွဲ့ပိုင် အောင်မာလာပန်းခြံ နှင့် မြနန္ဒာဈေးသစ် တည်ဆောက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင် သာယာ ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆောင်ရွက်ခဲ့ ပါကြောင်း သိရသည်။