မကွေး မေ ၂၇
လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာဖူလုံရေးသာမက လယ်ယာထုတ်ကုန်များဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးအတွက် မူဝါဒများတိတိကျကျချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြဖို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင့်လွင်က မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။