မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး  မေ ၂၈

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေလ ၂၈ ရက် ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ် ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
 
ထို့သို့စုပေါင်းသန့်ရှင်းဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ မကွေးတက္ကသိုလ်ဝန်း အတွင်း  အဝင်လမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက်  မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များ အား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်ကာ စနစ်တကျစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခဲ့ကြသည်။
 
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် များ၊ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင် နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီး ကြောင်း၊ တက္ကသိုလ်ရှိ ဆရာ/ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်ကျင် သန့်ရှင်း သာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား  မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း