မကွေး မေ ၃၀
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်း အနားကို မေလ ၂၈ ရက်နေ့ မွန်းလွဲ(၁)နာရီက တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပ ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာ ရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မင်းဘူးမြို့နယ် အသင်းနှင့် ပခုက္ကူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ၊ ပြိုင်ပွဲတွင် မင်းဘူးမြို့နယ်အသင်းက အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ရေနံချောင်းမြို့နယ်အသင်း နှင့် ပွင့်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွင့်ဖြူမြို့နယ် အသင်းမှ အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော မင်းဘူးမြို့နယ် အသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများ အားလည်း ကောင်း၊ ဒုတိယဆုရရှိသော ပခုက္ကူမြို့နယ်အသင်းနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစား သမားဆု၊ အကောင်းဆုံးနောက်ထိန်းဆု၊ အကောင်းဆုံးပင့်ထောင်ဆုနှင့် အကောင်းဆုံး ရိုက်ခုတ်ဆု ရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ပွင့်ဖြူမြို့နယ် အသင်းနှင့် ဒုတိယဆုရရှိခဲ့သော ရေနံချောင်းမြို့နယ်အသင်းအား တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။