မကွေး ဇွန် ၂
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင် စတင်၍ ဖွင်လှစ် ခဲ့ပြီဖြစ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)၊ (၃)၊ (၄)အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသက်(၅)နှစ်နှင့်အထက် ကျောင်း သား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ပညာသင်ကြားမှု၊ ကျောင်းအပ်နှံ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိစေရေး ကျောင်းအခြေပြု အသက်(၅)နှစ်နှင့် အထက် ကျောင်းသား/ ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်နေမှုနှင့် ကျောင်းသား/သူများ ကျောင်းအပ် လက်ခံဆောင်ရွက် ပေးနေမှု၊ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ အားပေးကြည့်ရှုရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းသား/ ကျောင်းသူများအားလုံး လန်းဆန်းတက်ကြွစွာ သင်ကြားသင်ယူနေတာကိုတွေ့ရ၍ လွန်စွာဝမ်း မြောက်ပါကြောင်း၊ ကျောင်းများဖွင့်လှစ်နေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မအပ်ရသေးသော ကျောင်းသား၊ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများကို ယဉ်ကျေးလိမ္မာအောင်၊ မျိုးချစ်စိတ် တိုင်းပြည်ချစ် စိတ်ရှိအောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားကာ၊ ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယ ကြံ့ခိုင်မှုရှိစေရေး ဘတ်စကစ်ဘော၊ ဘော်လီဘော၊ ဘောလုံးနှင့်ခြင်းလုံး အားကစား ပစ္စည်းများအား ကျောင်းသား ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံဆောင်ရွက်နေမှု၊ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျောင်းအခြေပြု ထိုးနှံဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံလာသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းသား/ကျောင်းသူများကို အား ကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရမည့် ကျောင်းသား/ကျောင်းသူဦးရေမှာ (၃)သိန်း(၅)သောင်းကျော်ခန့်ရှိပြီး ဇွန်လ(၂)ရက်နေ့ ကျောင်း စတင်ဖွင့်လှစ်သည့်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းတက်ရောက် သင်ကြားမှု အနေဖြင့် မူလတန်း(၂၄၄၇၄၄)ဦး၊ အလယ်တန်း (၈၅၅၄၃)ဦး၊ အထက်တန်း(၂၆၀၁၃)ဦး စုစုပေါင်း ကျောင်းသား /ကျောင်းသူ (၃၅၆၃၀၀)ဦး တက်ရောက်ပညာသင်ကြားခဲ့ကြကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။