မကွေး ဇွန် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တိုင်းဒေသကြီးဦးစီးမှုး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ ၊ လွတ်လပ် ရေးကျောက်တိုင်ပန်းခြံများအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ ပျိုးဥယျာဉ်အတွင်း အရိပ်ရပင်၊ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှူစစ်ဆေးကာ မြို့သန့်ရှင်း သပ်ရပ်သာယာလှပရေးကိစ္စရပ်များအား စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် အဖွဲ့သည် မကွေးမြို့ မြို့တော်ခန်းမသို့ ရောက်ရှိပြီး မြို့တော်ခန်းမ၌ ပြင်ဆင်မည့်လုပ်ငန်းများဖြစ်သည့် မုခ်ဦး၊ မျှက်နှာကျက်၊ Corridor မျှက်နှာကျက်၊ ခန်းမဝင်ပေါက်တံခါး အသစ်တပ်ဆင်ခြင်းနှင့် ခန်းမအပြင်နံရံများ ဆေးသုတ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့တိုင်းဒေသကြီးဦးစီးမှုးနှင့် တာဝန်ရှိသူ တို့က လိုက်လံရှင်းလင်းတင်ပြမှုအပေါ် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က stage management နှင့် ပတ်သက်၍ လိုအပ်တာများ လမ်းညွှန်မှာကြားခဲ့ပြီး ပြင်ဆင်မှု အခြေအနေများအား unit အလိုက် ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် မြို့တော်ခန်းမ ပတ်လမ်းအား ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက် သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။