မကွေး ဇွန် ၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါကာ ဇွန်လ ၇ ရက် ယနေ့ နံနက်ပိုင်းက မကွေး တက္ကသိုလ်သတ္တဗေဒဌာန Museum သို့ ရောက်ရှိခဲ့ပြီး သတ္တဗေဒဌာန၏ မျိုးစိတ်များ၊ ရုက္ခဗေဒ ဌာန၏ မျိုးခွဲပညာများ ခင်းကျင်းပြသထားမှုအပေါ် စမ်းသပ်မှုများမှတစ်ဆင့် လူမှုစီးပွားဘဝတွင် အကျိုးရှိစွာ အသုံးချနိုင်အောင် မျိုးစိတ်၊မျိုးခွဲပညာများကို သင်ကြားပို့ချပေးရန် မှာကြားခဲ့ပြီး ကျောင်း သား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုနှင့်လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓာတုဗေဒဌာန စမ်းသပ်ခန်းသို့ ရောက်ရှိပြီး ဓာတ်ခွဲ စမ်းသပ်မှုများအား ကြည့်ရှုအားပေးကာ လက်ဆေးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်များ ထုတ်လုပ် ထားမှု အခြေအနေများ ရေသန့်ထုတ်လုပ်နိုင်ရန်အတွက် အဆင့်ဆင့်ရေသန့်စင်ထားမှု အခြေအနေ များအား ကြည့်ရှုအားပေးပြီး၊ လူမှုဘဝနယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သည်အထိ သင်ကြားပို့ချ ပေးရန် တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ဆောင်ရွက်မှုဖြင့် မကွေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ဆေးထိုးစုရပ် မကွေးတက္ကသိုလ် ဘွဲ့နှင်း ခန်းမရှေ့တွင် ထိုးနှံဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းသား၊ကျောင်းသူများ အနေ ဖြင့် ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။