မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ ကန်သာကန် သန့်ရှင်း သာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေး သည်။
ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ ကန်သာကန် အရှေ့ဘက် ပတ်လမ်းအနီးရှိ မြက်ပင်များနှင့်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ကန်သာကန်သို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေးလုပ် ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏မြို့တော် ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးသည် အရေး ကြီးကြောင်း၊ မကွေးမြို့ ကန်သာကန်သည် မြို့နေပြည်သူများ စိတ်ချမ်းမြေ့ သာယာစွာ အနားယူ အပန်းဖြေနိုင်ရေးအတွက် သာမက ကိုယ်လက်လှုပ်ရှားအားကစား လာရောက်ပြုလုပ်သူများနှင့် မြို့နေလူထုအတွက် သန့်ရှင်းသော လေကောင်းလေသန့်များ ရရှိရေးအတွက် ကန်သာကန်အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။