မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မင်းဘူး      ဇွန်      ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့်အတူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၁၃ ရက်၊ မွန်းလွဲပိုင်းက မင်းဘူးမြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းနှင့် မြို့သန့်ရှင်းသာယာ လှပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် မင်းဘူးမြို့နယ် ကျောက်တန်းရေစက်ရုံ ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဝင်းနိုင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာမှူး ဦးထွန်းကိုကိုတို့က မင်းဘူးမြို့ရှိရေစက်ရုံများ နေ့စဉ်လည်ပတ်နေမှု၊ ရေထုတ်ယူရရှိမှုနှင့် ရေစက်ရုံများမှ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်း မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြေပေါင်း (၄၉၆၆)အိမ်မှ လူဦးရေပေါင်း (၂၄၈၀၀)ကျော်အတွက် တစ်ရက်လျှင် ရေဂါလံပေါင်း (၄.၀၇)သိန်းကို ရေသွယ်ရေတိုင်ပေါင်း (၃၈၀၀)ကျော်ဖြင့် နေ့စဉ် ရေဖြန့်ဝေ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် စီးပွားရေးရာဝန်ကြီးက ကျောက်တန်းရေတင်စက်ရုံးရှိ ရေစိမ့်တွင်းအနီး ကျောက် တန်းချောင်း ရေတိုက်မှုကြောင့် ကမ်းပါးပြိုကျမှုနှင့် စက်ယန္တရားဖြင့် ရေလမ်းကြောင်းလွှဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလဖြစ်တာကြောင့် ရေစိမ့်တွင်းအား ထိခိုက်ပျက်စီးမှုမရှိစေရေး ကမ်းထိမ်းနံရံနှင့် ကာကွယ်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက် သွားရန်မှာကြားဆောင်ရွက်ခဲ့ပြီး ရေစိမ့်တွင်းများနှင့် ရေတင်စက်များ လည်ပတ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက မင်းဘူးမြို့ မြစ်ရေတင် (WTP) ရေစက်ရုံသို့ သွားရောက်၍ ရေစစ်ကန်များအတွင်း မြစ်ရေသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မင်းဘူးမြို့ ပန်းခြံအတွင်းရှိ ပျိုးဥယျာဉ်များ၌ မြို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး စိုက်ပျိုးရန်အတွက် ပန်းအလှပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှားကြားခဲ့သည်။

ထိုမှတစ်ဆင့်  တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက မင်းဘူးဦးဩဘာသမြို့နယ်ခန်းမ၌ မြို့နယ်စည်ပင်သာယာအဖွဲ့ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံ ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်မှ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ မြို့သန့်ရှင်းသာယာလှပစေရေး နေ့စဉ် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက် ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း