မကွေး ဇွန် ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် နှင့်အတူ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၁၄ ရက် ယနေ့နံနက် ပိုင်းက တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး၊ တိုင်းပြည်သူ့ဆေးရုံကြီးတွင် မကွေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သွေးလှူဒါန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ အဟာရစားသောက်ဖွယ်ရာများ လှူဒါန်းပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် လူထုကြားမှာ သွေးနှင့်ပတ်သက်သည့် ကျန်းမာ ရေး ဗဟုသုတများ ရရှိစေဖို့၊ စေတနာရှင် သွေးအလှူရှင်များ ပေါ်ပေါက်လာစေဖို့နှင့် လိုအပ်နေသည့် သွေးလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၂၀၂၂ခုနှစ်ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သွေးလှူဒါန်းပွဲသို့ မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦးခန့် စုပေါင်းလာရောက်၍ သွေးလှူဒါန်းရာ သွေးပေါင်ချိန် တိုင်းတာ ခြင်း၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေ မေးမြန်းမှုများ ဆောင်ရွက်၍ သွေးလှူဒါန်းမှု အနေဖြင့် ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၄၂)ဦး စုစုပေါင်း(၆၃)ဦးတို့ သွေးလှူဒါန်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ သွေးအလှူရှင် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကြက် ခြေနီတပ်ဖွဲ့နှင့် ပရဟိတ အသင်းအဖွဲ့တို့မှ ကြက်ဥ၊ အချိုရည်၊ ဆေးဝါးနှင့် အာဟာရစားသောက် ဖွယ်ရာနှင့် သွေးလှူဒါန်းမှု အမှတ်တရ လက်ဆောင်ပစ္စည်းများ လှူဒါန်းပေးမှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။